Blog Details

Home / Blog Details

blog-img
  • 21 Mar 2023, 04:45 AM

■ Facebook တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုများ ရက်ပေါင်း ၃၀ ကျော်ပါက ဖယ်ရှားခံရမည်

■ Facebook တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုများ ရက်ပေါင်း ၃၀ ကျော်ပါက ဖယ်ရှားခံရမည်

Facebook ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် LIVE ဗီဒီယိုများသည် ရက်ပေါင်း ၃၀ ကျော်ပါက Facebook ပေါ်မှ ဖယ်ရှားခံရမည်ဟု META ကုမ္ပဏီက ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၉  ရက်မှစပြီး Facebook တွင် တင်သည့် LIVE ဗီဒီယိုများကို ရက်ပေါင်း ၃၀ အတွင်းတွင်သာ ကြည့်ရှုနိုင်ခြင်း၊ ဒေါင်းလုပ် ဆွဲနိုင်ခြင်း၊ မျှဝေနိုင်ခြင်းတို့ပြုလုပ်နိုင်မည် ဖြစ်သည်။

 

ရက်ပေါင်း ၃၀ ထက်ကျော်လွန် သည့် LIVE ဗီဒီယိုများသည် ဖယ်ရှားခံရမည် ဖြစ်ပြီး အဆိုပါဗီဒီယိုများကို မဖယ်ရှားမီ ဗီဒီယိုတင်သည့် သက်ဆိုင်ရာအကောင့်ပိုင်ရှင်များကို အီးမေးလ်ပို့ပြီးအကြောင်းကြားမည် ဖြစ်သဖြင့် ပိုင်ရှင်များအနေဖြင့်ထိုဗီဒီယိုများကို ရက်ပေါင်း ၉၀ အတွင်း ဒေါင်းလုပ်ဆွဲပြီး ပြန်လည်သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

ယခင်တင်ထားသည့် LIVE ဗီဒီယိုများ ကို ပြန်လည်ဒေါင်းလုပ်ဆွဲရန်အတွက် နည်း စနစ်အသစ်များကို ပြသထားသည်ဟုလည်း Meta ကုမ္ပဏီက ကြေညာခဲ့သည်။

■  Ref: Meta
 

#vertexsmm #socialmedia

Telegram   99+ unread messages